အဖြစ်များလှတဲ့ နှလုံးသွေးကြောကျဥ်းရောဂါ
အသက်ကလေး နည်းနည်းရလာတာနဲ့ ဖြစ်တတ်တဲ့ ရောဂါတွေထဲမှာ နှလုံးသွေးကြောကျဥ်းရောဂါလည်း အပါအဝင်ပါ။ အခုခေတ်လူတွေမှာတော့ အားနေရင်ထိုင်ပြီး ဖုန်းပဲသုံးနေတာ၊ အဆီအဆိမ့်နဲ့ ဆီကြော်တွေ၊ ရယ်ဒီမိတ် အစားအစာတွေ အစားများတာ၊ စိတ်ဖိစီးမှုတွေများတာ စတဲ့လူနေမှုပုံစံတွေကြောင့် ငယ်တဲ့သူတွေမှာတောင် ဖြစ်လာကြပါပြီ။
- ကိုလက်စထရောနဲ့ အဆီတွေစုလာတာကြောင့် သွေးကြောနံရံတွေထူလာပြီး သွေးစီးဆင်းမှုနှေးလာတာ
- သွေးကြောနံရံက အဆီတွေပြုတ်ထွက်ပြီး သွေးခဲအဖြစ် သွေးကြောထဲမှာ ပိတ်နေတာ
- သွေးကြောတွေ ရုတ်တရက် ကျုံ့ခြင်းကြောင့် သွေးစီးဆင်းမှုနည်းသွား၊ ပိတ်သွားတာတွေကြောင့်ပါ။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
- အဝလွန်တဲ့သူတွေ
- ခန္ဓာကိုယ်အရမ်းမဝပေမယ့် ခါး ၃၅ လက်မထက်တုတ်တဲ့ အမျိုးသမီးတွေနဲ့ လက်မ ၄၀ ထက် ခါးတုတ်တဲ့ အမျိုးသားတွေ (central obesity လို့ခေါ်တဲ့ ခါးတုတ်ဗိုက်ပူ ဗိုက်ခေါက်ထူသူတွေ)
- ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူတွေ
- သွေးတွင်း ကိုလက်စထရောနဲ့ triglyceride အဆီများတဲ့သူတွေ
- အထိုင်များတဲ့သူတွေ
- နှလုံးသွေးကြောကျဥ်းရောဂါ မျိုးရိုးရှိသူတွေ
- ဆေးလိပ်သောက်သူတွေ အဖြစ်များကြပါတယ်။
- ရင်ဘတ်အောင့်တာ (ဆွဲဆုပ်ထားသလိုမျိုး၊ တစ်ခုခုနဲ့ဖိထားသလိုမျိုး ကျောနဲ့ရင်ညှပ်အောင့်ပြီး လက်မောင်း၊ ပခုံးနဲ့ မေးရိုးတွေအထိ နာနေတတ်တာ)
- ချွေးစေးတွေထွက်တာ၊
- နှလုံးခုန်မြန် ရင်တုန်တာ၊
- အသက်ရှူမဝတာ၊
- မောပန်းတာ၊
- ပျိုးချင်အန်ချင်တာတွေ ဖြစ်တတ်ပါတယ်။
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။
- အဆီအစိမ့်တွေ၊ တိရိစ္ဆာန်အဆီတွေ ရှောင်ပြီး အသီးအရွက် များများစားပါ။
- ဆေးလိပ်ဖြတ်ပါ။
- ဆီးချို သွေးတိုးရှိရင် ပုံမှန်ဖြစ်အောင်ထိန်းပါ။
- စိတ်ဖိစီးမှုများရှိရင် လျှော့ချပါ၊ တရားထိုင်ပါ။
- နှလုံးသွေးကြောကျဥ်းရောဂါ ရှိနေရင် ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကုသမှုခံယူရန် လိုအပ်ပါတယ်။